အိုင်းရင်းဇင်မာမြင့် နှင့် ကောင်းကောင်း ပြတ်စဲတဲ့ ဗီဒီယို
အိုင်းရင်းဇင်မာမြင့် က Live လွှင့်ကာ သူမ နဲ့ ကောင်းကောင်း ပြတ်စဲခဲ့သည့် အကြောင်း ရင်ဖွင့်ခဲ့ပါတယ်။အဆိုတော် ကောင်းကောင်းနဲ့ သူမ ချစ်သူ အဖြစ်က လမ်းခွဲ ပြတ်စဲ သွားသည်မှာ ခြောက်လကျော်ခန့်ရှိပြီဖြစ်ကြောင်း ၊ ကောင်းကောင်းမှာအခြား မိန်းကလေး တစ်ဦး နဲ့ လက်ထပ်သွားခဲ့ပြီဖြစ်ကြောင်း ၊ အဆိုပါ မိန်းကလေး ၏ ကောင်းကောင်း ရဲ့ ရင်သွေး ကို လွယ်ထားရသည့် အတွက် လက်ထပ် ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ အခြားအမျိုးသမီး တစ်ဦး နဲ့ ပတ်သက်မှု ရှိကြောင်း ကို အရင်ကလုံးဝ မရိပ်မိကြောင်း ၊ ခိုးပြေးသွားမှသာ သိရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သူမနဲ့ ကောင်းကောင်း ရဲ့ ချစ်သူ သက်တမ်း က ရှစ်နှစ်ကြာခဲ့တယ် လို့ ပြောခဲ့ပါတယ် … အဆိုပါ အကြောင်းအရာ ကို ဘယ်သူ့ကိုမှ မပြောဘဲနေလာခဲ့ပေမဲ့ ပရိသတ် တွေ မေးမြန်းမှု များပြားလာတဲ့ အတွက် စိတ်မကောင်းစွာ နဲ့ ဖြေရှင်းရခြင်း ဖြစ်ကြောင်းလည်း သိရပါတယ် ။
Credit : http://www.myanmarcelewiki.com